TIENS Cell Rejuvenation
သိကောင်းစရာ အခြေခံ ဗဟုသုတ
ကမ္ဘာကြီး ခေတ်မီတိုးတက်လာသည်နှင့်အညီ လူတို့၏နေထိုင်စားသောက်မှုပုံစံ အဆင့်အတန်းလည်းပြောင်းလဲလာသည်။ ထိုသို့ မြင့်မားစွာတိုးတက်လာမှုနှင့်အတူ ကမ္ဘာတစ်ဝှမ်းတွင် ကြီးမားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ထိုရောဂါများသည် သာမှန်လူတို့တွင် ပို၍ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး သွေးတွင် အဆီတိုးခြင်း၊ သွေးပေါင်ချိန်တိုးခြင်း၊ သွေးချို ဆီးချိုတိုးခြင်း စသည့်သူဌေးရောဂါခေါ် တိုးခြင်းသုံးမျိုးဖြစ်သည်။ ထိုတိုးခြင်းသုံးမျိုးစလုံးမှာ နှလုံးဦးနှောက် သွေးကြောရောဂါဖြစ်ရန် အလွန်နီးကပ်လျက်ရှိသည်။
Tianshi Cell Rejuvenation သည် သွေးရည်အတွင်း မကောင်းသောအဆီပမာဏကို လျော့ချပေးခြင်း၊ သွေးစေးပျစ်ခြင်းကို လျော့ချပေးခြင်း၊ ခန္ဓာကိုယ် ဇီဝလည်ပတ်မှုဖြစ်စဉ် ပုံမှန်ဖြစ်အောင် ပြုပြင်ပေးခြင်း၊ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ခြင်း သွေးတွင်းအဆီနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း တို့ကြောင့် သုံးစွဲရန်အလွန်သင့်လျော်ပါသည်။
Gynostemma, Catechin ဆေးဖက်ဝင် လက်ဖက်အခြောက်၊ ပိုလီဖီနောဒြပ်ပေါင်း၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင် စီ၊ အစရှိသည်တို့ကို အရှေ့တိုင်း အသက်ရှည်ဆေးကျမ်းထဲမှ သက်တမ်းမြင့် တရုတ်ဆေးကျမ်းကို ခေတ်နှင့်အညီအရည်သွေးမှီစေရန် အထူးဖော်စပ်ထားပြီး ကျန်းမာရေးအားဖြည့်အစာ အဖြစ်သုံးစွဲရန် အထူးစီမံထားခြင်းဖြစ်သည်။
ပါဝင်ပစ္စည်းများ၏ အစွမ်းအာနိသင်နှင့် စွမ်းဆောင်ချက်
Gynostemma ခေါ် ကျောက်ကူလန် ကို တရုတ်နိုင်ငံတွင် ရှေးယခင်ကတည်းကပင်
မအိုသော အသက်ရှည်ဆေး၊ ငါးမွှာဂျင်စင်းဆေးမြစ်အဖြစ် သုံးစွဲခဲ့ကြသည်။ ကိုလက်စရောကိုနိမ့်ကျစေခြင်း၊ သွေးပေါင်ကိုညှိပေးခြင်း၊ အဝလွန်ခြင်းကို ထိန်းချုပ်နိုင်သော အာနိသင်ရှိသည့်အတွက်
ကျောက်ကူလန်တွင် Amino acid ကြွယ်ဝစွာပါဝင်သည်။ အဓိကပါဝင်ပစ္စည်းမှာ gynosaponins ဖြစ်သည်။
Gynosaponins များသည် ဂျင်စင်းကဲ့သို့ ကလာပ်စည်းများအတွင်း သွေးအပြားငယ်များ စုပုံခြင်းကိုတားမြစ်နိုင်ခြင်း၊ သွေးတိုးကျဆေးဟု
ဈေးကွက်တွင်လွယ်လွယ်ရနေသော သွေးကြောချဲ့ပေးသော ဓာတုဆေးပြားများကြောင့် သွေးကြောမာကြောခြင်းကို ကာကွယ်ပေးခြင်း၊ ဆဲလ်းများသို့ လုံလောက်သောအစာအဟာရ ပံ့ပိုးပေးခြင်း၊ သွေးစီးဆင်းမှု လွယ်ကူချောမွေ့ စေရန် ကူညီပေးခြင်း စသည့် ဂုဏ်သတ္တိများ ရှိသည်။ ဂျင်စင်းနှင့်ခြားနားသော အခြားဓာတ်များလည်းပါရှိနေခြင်းကြောင့် အိုမင်းဆုတ်ယုတ်ခြင်းကို ခုခံပေးခြင်း(Anti Oxident)၊ကိုယ်ခံအားတိုးစေခြင်း၊ မောပမ်းခြင်းကိုသက်သာစေခြင်း၊ စိတ်အာရုံတည်ငြိမ်စေခြင်း၊ အရောင်ကျ၊ မန်းနိုင်ခြင်း၊ ပြည်တည်နာ၊ အနာပုတ်ခြင်း တို့ကို သက်သာပျောက်ကင်းစေခြင်တို့မှ ကာကွယ်ပေးနိုင်စွမ်းအပြည့်ရှိသည်။
ထို့ကြောင့် ရည်ရှည်သုံးစွဲရန်အတွက် အထူးသင့်လျော်ပါသည်။
ဆီးချိုဝေဒနာရှင်များအတွက် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး ဆီးချိုသွေးချိုတိုးမှုကို တားဆီးပေးသည်။
လေဖိအားနည်းသော တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး Oxygen ပြတ်လပ်ခြင်းကို ကာကွယ်ပေးသည်။
သွေးတိုး၊ အဝလွန်ရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ လေပြွန်ရောင်ခြင်း၊ နာတာရှည် အသည်းရောဂါ၊ အစာအိမ်ရောင်ရောဂါတို့အတွက် အထူးသင့်လျော်ပါသည်။
Catechin လတ်ဆတ်သော လက်ဖတ်များမှ
ထုတ်ယူနိုင်သည်။ Anti Oxidient ဓာတ် မြင့်မားစွာပါဝင်သည်။ ဖရီးရယ်ဒီကယ်များကို ဖယ်ရှားပေးနိုင်စွမ်းမြင့်မားသဖြင့် ကင်ဆာကုသရာတွင် အကူသဘောဖြင့်အားဖြည့် အသုံးပြုနိုင်သည်။ အောက်ဆီဂျင်ဓာတ်တိုးခြင်း စွမ်းရည် အလွန်မြင့်မားစွာပါဝင်ပြီး ကိုယ်တိုင် ဓာတ်တိုးခံခြင်းအားဖြင့် ဆဲလ်းများအတွက် လိုအပ်နေသော ပရိုတွန်ကိုထုတ် ပေးနိုင်သည်။ ကိုယ်တွင်းအင်္ဂါများ အောက်ဆီဂျင် ၏ ဓာတ်တိုးခြင်းကိုမခံရအောင် ကာကွယ်ပေးသည်။ အဓိက ဆဲလ်းရှင်သန်ခြင်းကို ထိန်းသိမ်းပေးခြင်း၊
ကိုဟ်ခံအားစနစ် မြင့်တင်ပေးခြင်း အောက်ဆီဂျင် ဓာတ်တိုးခြင်းကြောင့်ဖြစ်သော အိုမင်း ဆုတ်ယုတ်ခြင်းကို နှေးစေခြင်း တို့ဖြစ်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး၏ ရောဂါ ခုခံနိုင်သည့် စွမ်းရည်ကို မြင့်တင်ပေးသဖြင့် အသက်ရှည်နုပျို ကျန်းမာလိုသူများအဖို့ ရတနာတစ်ပါးအဖြစ် မှီဝဲသင့်ပါသည်။
ပိုလီဖီနောဒြပ်ပေါင်းသည် ဆံခြည်မျှင်သွေးကြောများ၏ ကွေးညွတ်နိုင်စွမ်း ရုန်းပြန်သတ္တိ ရုန်းဆန့်နိုင်သော ဂုဏ်သတ္တိ စိမ့်ဝင်ထွက်နိုင်သော ဂုဏ်သတ္တိတို့ကို တိုးစေပါသည်။ သွေးကြောများ၏ ခုခံနိုင်သော
ပါဝင်ခြင်းပမာဏကို လျော့နည်းစေသည်။ ခန္ဓာကိုယ်တစ်ခုလုံး သွေးစီးဆင်းမှု ကောင်းမွန်စေခြင်းအပြင် သွေးပျစ်ခဲခြင်း မဖြစ်အောင်ပါ ကာကွယ်ပေးသည်။ သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး ရေရှည်သုံးစွဲပါက နှလုံးကြွက်သားများ အောက်ဆီဂျင်ချို့တဲ့မှုကို ဖြည့်စွမ်းပေးပြီး ယခင်ထက် ခံနိုင်ရည်အား ပိုကောင်းစေပါသည်။
Vitamin-C
လတ်ဆက်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးတွင် ကျယ်ပြန်စွာတွေ့ရသည်။ ဆဲလ်အတွင်း ရောဂါပိုးဝင်ရောက်ခြင်းကို ကုသရာနှင့် ထိရှဒဏ်ရာများကို အတွင်းမှအပြင်သို့ ကုသပေးနိုင်စွမ်းရှိသည်။ တစ်နည်း အနာကျက်မြန်စေသည်။ ထို့ပြင် အအေးမိဖျားနာခြင်း အသက်ရှူလမ်းကြောင်း
တွင် ဖြစ်ပွားတတ်သော ရောဂါများအတွက် အလွန်အသုံးဝင်သည်။
-ဘီတာကယ်ရိုတင်း Betacarotene
ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပြီး ကိုယ်အတွင်း ရောက်ရှိသောအခါ ဗီတာမင် A အဖြစ် ပြောင်းလဲပေူနိုင်သည်။ ၎င်းသည် ဆဲလ်းများကို ကင်ဆာဆဲလ်းအဖြစ် မပြောင်းလဲအောင် ထိရောက်စွာကာကွယ်ခြင်းတွင် အကောင်းဆုံး ဗီတာမင်ဓာတ်တစ်မျိုးဖြစ်သည်။ Vitamin-A ချို့တဲ့လျင် အစညအိမ်နှင့် အဆုတ်ကင်ဆာ ဖြစ်ရန် အခွင့်လမ်းများလာသည်။ သာမှန်သူထက် ရောဂါဖြစ်နိုင်သောအလားအလာ ၇ဆ ပိုလာကြောင်းသိရသည်။ တီဘီ အဆုတ်ရောဂါ ဝေဒနာရှင်များအတွက် ကိုယ်တွင်း ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးနိုင်သည်။ Vitamin-E နှင့် Cကဲ့သို့ပင် ခန္ဓာကိုယ်အတွင်းသို့ ဖရီး ရယ်ဒီကယ်များ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ပါသည်။ ဘီတာကယ်ရိုတင်းနှင့် ဗီတာမင်သီတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူ့ခန္ဓာကိုယ်တွင် အားကြီးသော ဓာတ်တိုးမှုကို ခုခံကာကွယ်သည့်စွမ်းရည်ဖြစ်လာသည်။ ၎င်းတို့သည် တိုက်ခိုက်လာသောဖရီးရယ်ဒီကယ် များကို ခုခံတိုက်ခိုက်ပေးသောကြောင့် ခန္ဓာကိုယ် အတွင်းအပြင်ရှိ ဆဲလ်များ ပုံမှန် ဇီဝလှုပ်ရှားမှုဖြစ်စဉ် (metabolism) ကို ကြီးမားသော ကာကွယ်စောင့်ရှောက်မှု ပေးပါသည်။
Betacarotene, Gynostemma နှင့် ဆေးဖက်ဝင်လက်ဖက်ရွက်တို့ ပေါင်းစပ်ခြင်း
အားဖြင့် နှလုံးဦးနှောက် သွေးကြောတွင် လုံခြုံသော တံတိုင်းတစ်ခုအသွင်ဖြင့် စောင့်ရှောက် ပေးရုံသာမက သွေးလွှတ်ကြောမာ
ကြောကျွတ်ဆတ်ခြင်း၊ နှလုံးအားနည်းခြင်း၊ အိုမင်းဆုတ်ယုတ်ခြင်းတို့ကို ကြိုတင်ကာကွယ်ရန် အရေးကြီးသော စွမ်းဆောင်မှုကို ပေးသည်။
Blood Vessel VS Cholesterol
No comments:
Post a Comment
09-791371957